မြန်မာနိုင်ငံ၏ နံပါတ် (၁) Cloud VPS ဝန်ဆောင်မှု
နည်းပညာသစ်ဖြင့် အဆင့်မြှင့်တင်ထားသော Z.com Cloud VPS ဗားရှင်းသစ်ကို စတင်မိတ်ဆက်လိုက်ပါပြီ။ ရွေးချယ်စရာ အမျိုးအစား (၂) မျိုး (Standard နှင့် High Memory)၊ Tier (၈) ခုစီဖြင့် စိတ်ကြိုက် Configuration ပြုလုပ်နိုင်သော CPU၊ RAM၊ Disk၊ IOPS နှင့် Backup များ၊ Full Root Access အထိ အပြည့်အဝ စီမံခန့်ခွဲနိုင်ပြီး C1 Plan မှ C8 Plan ထိရွေးချယ်နိုင်ပါသည်။
Z.com Cloud VPS ဆိုတာဘာလဲ?
Z.com Cloud VPS သည် စီးပွားရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အားလုံး အသုံးပြုနိုင်ရန် Design ပြုလုပ်ထားသည့် Virtual Private Servers (VPS) ဖြစ်ပါတယ်။ Z.com Myanmar သည် Flexible နှင့် Scalable ဖြစ်သော Cloud Service များဝန်ဆောင်မှုပေးနေသည့် Provider ဖြစ်ပါသည်။
နောက်ဆုံးပေါ် OpenStack Technology ကိုအခြေခံပြီး တည်ဆောက်ထားသောကြောင့် စိတ်ချရတဲ့ Cloud Infrastructure ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည့် Resources များနှင့်အတူ ပံ့ပိုးပေးထားပါသည်။ အသုံးပြုသူများအနေဖြင့် လိုအပ်ချက်အပေါ် မူတည်ပြီး CPU, RAM, Storage နဲ့ အခြား Additional Services များကို လိုသလို စိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။
အကောင်းမွန်ဆုံးဖြစ်သည့် Speed၊ Reliability နှင့် Flexibility တို့ကို ပေါင်းစပ်ထားသော Z.com Cloud VPS သည် စွမ်းဆောင်ရည်မြင့်မားပြီး Cloud Solutions လိုအပ်သော စီးပွားရေးလုပ်ငန်းများ၊ Developers များအတွက်သာမက တစ်ဦးတည်းအသုံးပြုလို သူများအတွက်ပါ အထူးသင့်လျော်ပါသည်။
မိမိလိုအပ်ချက်အတိုင်း စိတ်ကြိုက်တည်ဆောက်ပါ။
ရွေးချယ်သည့် Tier အမျိုးအစား၊ Disk၊ IOPS၊ OS၊ Backup နှင့် သက်တမ်းအလိုက် ကျသင့်ငွေကို တွက်ချက်နိုင်ပြီး အပိုထပ်ဆောင်းကုန်ကျစရိတ်များလုံးဝမပါဝင်ပါ။
Z.com Cloud VPS ကို လူကြိုက်များရခြင်း အချက် (၈) ချက်။
ဂျပန်နိုင်ငံ၏ အရည်အသွေးမြင့် နည်းပညာ အသုံးပြုထားခြင်း၊ Local Support Team ရှိခြင်း၊ အခြား Cloud များနှင့်မတူဘဲ အသုံးပြုသူများ အလွယ်တကူအသုံးပြုနိုင်သည့် Control Panel တို့ကြောင့် လူကြီးမင်းတို့ လုပ်ငန်းအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။
Downtime မရှိခြင်း
ဂျပန်နိုင်ငံရှိ ပရော်ဖက်ရှင်နယ်အဖွဲ့များမှ ဒီဇိုင်းထုတ်ထားသည့် Z.com Cloud သည် Reliable Performance နှင့် Zero Downtime ဖြစ်စေရန် Full Redundancy စနစ်များ ထည့်သွင်းပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပါသည်။
အသုံးပြုရလွယ်ကူသော Control Panel
Z.com Control Panel သည် ရိုးရှင်းပြီး Server များကို အလွယ်တကူ စီမံခန့်ခွဲ နိုင်စေရန် ဒီဇိုင်းထုတ်ထားသောကြောင့် အသုံးပြုသူများအနေဖြင့် Server Upgrade ပြုလုပ်ခြင်း သို့မဟုတ် Adjust ပြုလုပ်ခြင်းတို့ကို လွယ်ကူစွာပြုလုပ်နိုင်ပါသည်။
လွယ်ကူသည့် ငွေပေးချေမှု
Z.com Cloud သည် နာရီအလိုက် အမှန်တကယ်သုံးစွဲမှုအတိုင်း ငွေပေးချေသည့် စနစ်ကို ကျင့်သုံးထားပြီး အပိုထပ်ဆောင်းကုန်ကျစရိတ်များလုံးဝမပါဝင်ပါ။
Linux နှင့် Windows အသုံးပြုနိုင်မှု
Windows (Valid License) နှင့် Linux Distributions မျိုးစုံကိုရွေးချယ်နိုင်ပြီး Drupal, Ruby on Rails, GitLab, Redmine နှင့် Jenkins ကဲ့သို့သော Platforms များလည်း အသုံးပြုနိုင်ပါတယ်။
Server Scaling လွယ်ကူစွာပြုလုပ်နိုင်မှု
CPU၊ RAM နှင့် Disk များကို Control Panel မှတစ်ဆင့် Click တစ်ချက်နှိပ်ရုံဖြင့် အလွယ်တကူ Upgrade/ Downgrade ပြုလုပ်နိုင်ပါသည်။
Image Backup နှင့် Restore ပြုလုပ်နိုင်မှု
Standard Backup Planများ ရွေးချယ်နိုင်ရုံသာမက Control Panel မှတစ်ဆင့် Manually Backup နှင့် Restore Images များကို စီမံခန့်ခွဲနိုင်ပါသည်။
Local Technical Support ရရှိနိုင်မှု
Z.com Myanmar ၏ Customer Support Team သည် ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းထားပြီး ဖုန်း နှင့် အီးမေးလ်များမှတစ်ဆင့် ကူညီဝန်ဆောင်မှုပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံမှ ၁၀၀% ဝန်ဆောင်မှုပေးခြင်း
Z.com ဝန်ဆောင်မှုများမှာ နည်းပညာအခက်အခဲများရှိလာပါက မြန်မာနိုင်ငံရှိ ကျွမ်းကျင်သော Partners များမှ အချိန်တိုအတွင်း လျင်မြန်စွာ Support ပေးနိုင်သောကြောင့် နိုင်ငံခြားဝန်ဆောင်မှုများနှင့် နှိုင်းယှဉ်ပါက သာလွန်ကောင်းမွန်သော Service ဖြစ်ပါသည်။
Z.com Cloud VPS ကို စတင်အသုံးပြုနည်း
စွမ်းအားပြည့် Cloud VPS ကို (၅) မိနစ်အတွင်း အသင့်စတင်အသုံးပြုနိုင်ပါသည်။ ရိုးရှင်းမြန်ဆန်တဲ့ လုပ်ငန်းစဉ်ကြောင့် Server Deployment ပြုလုပ်ရာတွင် လွယ်ကူသက်သာစေပါသည်။
အကောင့်ဖွင့်ပါ
(၂) မိနစ် အတွင်း Account Register ပြုလုပ်နိုင်ပါသည်။
- လိုအပ်သော အချက်အလက်များ ဖြည့်သွင်းပါ။
- Valid ဖြစ်သည့် Phone Number နှင့် Email ကို ထည့်သွင်းပါ။
- Register ပြုလုပ်ပါ!
ငွေပေးချေပါ
သင် အသုံးပြုလိုသော VPS Plan အတွက် ငွေပေးချေပါ။
- KBZ Pay, KBZ, CB
- Bank Slip ကို Billing Mail သို့ပေးပို့ပါ။
- Z.com Account ID လည်း ထည့်သွင်းပါ။
Server Order ပြုလုပ်ပါ
သင် အသုံးပြုလိုသော Plan နှင့် OS ကိုရွေးချယ်ပါ။
- Linux, Windows
- စိတ်ကြိုက် Resource ခွဲဝေသတ်မှတ်နိုင်ခြင်း
- လုံခြုံရေး ဆက်တင်များ ပြုလုပ်နိုင်ခြင်း
စတင်အသုံးပြုပါ
VPS သည် Auto Setup ဖြစ်ပြီး SSH၊ RDP၊ Web Console တို့မှ တဆင့်အသုံးပြုနိုင်ပါသည်။
- Server ချက်ချင်း အသင့်ပြုလုပ်ပေးခြင်း
- Root/ Administrator အသုံးပြုနိုင်ခြင်း
- Control panel access အပြည့်အဝ အသုံးပြုနိုင်ခြင်း